မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် KBZ ဘဏ်မှ ကျောင်းသား ၊ ကျောင်းသူများ လွယ်ကူစွာ ငွေထုတ်ယူနိုင်ရန် ATM စက် တပ်ဆင်ပေးမည် ဖြစ်သည်။ KBZ ဘဏ်မှ ATM စက် တပ်ဆင်ပြီးစီးပါက ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် ငွေထုတ်ယူနိုင်သော MPU Debit Card များကို ကျောင်းတွင် ပြုလုပ်ပေးမည် ဖြစ်သည်။ အဆိုပါ MPU Debit Card များသည် KBZ ATM စက်များတွင်သာမက အခြား ATM စက်များတွင်ပါ ငွေသားကို (၂၄)နာရီ ပိတ်ရက် မရှိ လွပ်လပ်စွာ ထုတ်ယူနိုင်မည် ဖြစ်သည်။
MPU Debit Card များသည် တစ်နေ့လျှင် အများဆုံး ငွေကျပ် ၁၀ သိန်း အထိ ထုတ်ယူနိုင်မည် ဖြစ်ပြီး ကတ်များ ပျောက်ဆုံး ၊ ခိုးယူခံရပါက နီးစပ်ရာ KBZ ဘဏ်ခွဲများကို ချက်ချင်း အကြောင်းကြားပြီး ကတ်အသစ် ထပ်မံပြုလုပ်နိုင်မည် ဖြစ်သည်။ MPU Debit Card များ ပြုလုပ်လိုသော ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် ကျောင်းသားကတ် မိတ္တူ တစ်ခုတည်းသာ လိုအပ်မည်ဖြစ်သည်။
Friday, June 27, 2014
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် KBZ ဘဏ်မှ ATM စက်များ တပ်ဆင်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment