Saturday, June 28, 2014
မြန်မာနိုင်ငံရှိ အနှိပ်ခန်း ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်
*** မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောခဲ့သည်။
### ဇွန်လ (၂၇)ရက်ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့ရာ
*** မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့ပါတယ်၊ အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ပြောခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment