အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အာဆီယံနိုင်ငံ များမှ ဒေသတွင်းအိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊
ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းများအရ အရှေ့တောင်အာရှတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်ရောဂါပိုး
သယ်ဆောင်ထားသူ (၃၅)သန်းနေထိုင်လျက်ရှိပြီး ပြည်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းသူများတွင်
ဖြစ်ပွားမှုများတာ တွေ့ရှိရပြီး အိပ်ခ်ျအိုင်ဗွီရောဂါပိုးကာကွယ်ရေး ကုသရေး ပြုစုစောင့်ရှောက်ရေး
လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသတွင်း နိုင်ငံများ
နှင့် ပူးပေါင်းလက်တွဲကာ ကောင်းမွန်သောရလာဒ်များ ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် ခန့်မှန်းအိပ်ခ်ျအိုင်ဗွီရောဂါပိုးရှိသူပေါင်း
(၁၈၉၀၀၀)ဦးရှိပြီး (၃၇) ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နှစ်စဉ် အိပ်ခ်ျအိုင်ဗွီရောဂါ
နှင့် သေဆုံးသူ (၁၅၀၀၀)ဦးရှိခဲ့ပြီး ရောဂါပိုးအသစ် ကူးစက်ခံရသူ (၇၀၀၀)ဦးခန့်ရှိခဲ့ရာ
အေအိုင်ဒီအက်ရောဂါကို ဦးစားပေး အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်နေပြီး နိုင်ငံတော်အစိုးရ၊
ရောဂါကြီးသုံးမျိုး ရန်ပုံငွေ၊ ကုလသမဂ္ဂ၊ ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ
ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် ဆေးရုံ(၅၅)ရုံအထိ တိုးချဲ့ပြီး လူနာ
(၆၇၀၀၀)ဦးကို အေအာတီဆေးများပေးနိုင်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် လူနာများ၏ (၈၆)ရာခိုင်နှုန်းကို
အေအာတီဆေးဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ပြီး နှစ်သိမ့်ဆွေးနွေးနေရာများ၊ အေအာတီဆေးပေးကုသနေရာများ
တိုးချဲသွားရန် ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး
ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရောဂါ ကာကွယ်ရေးကုသရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
No comments:
Post a Comment