မန္တလေးတိုင်းဒေသကြီး ကာယဗလ နှင့် ကာယအလှ ဆပ်ကော်မတီမှကြီးမှူး၍
၂၀၁၄ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ရွှေမန်းမောင်ရွှေမန်းမယ် ပြိုင်ပွဲကို ဇွန်(၂၂)ရက် မွန်းလွဲ(၁) နာရီက မန္တလေးမြို့တော်ခန်းမတွင်ကျင်းပရာ ရွှေမန်းမောင် အငယ်တန်းတွင် (၁၅)ဦး ၊ရွှေမန်းမောင်အကြီးတန်းတွင် (၅)ဦး ၊ရွှေမန်းမယ် ၅ပေ၃လက်မ
အောက်တွင် (၁၅)ဦး ၊ရွှေမန်းမယ် ၅ပေ၃လက်မ အထက်အကြီးတန်းတွင် (၁၆)ဦးပါဝင်ယှဉ်ပြိုင် ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်ရွှေမန်းမောင် ၊ရွှေမန်းမယ်များက သတ်မှတ် ကိုယ်ဟန်လေးမျိုး၊ စိတ်ကြိုက်ပုံစံများဖြင့် ယှဉ်ပြိုင်ကြရာအကဲဖြတ်ဒိုင်အဖွဲ့က အမှတ်ပေးပြီး ဆန်ကာတင်
၁၀ဦးရွေးချယ်သည်။
ရွှေမန်းမောင်အငယ်တန်းတွင် ပထမ အောင်စိုးမင်း၊ ဒုတိယ အာကာဟိန်း၊ တတိယခင်မောင်ထွန်း၊ အကြီးတန်းတွင် ညီညီဖြူ၊ ဒုတိယအောင်စိုးမင်း၊ တတိယအာကာတို့က ရရှိခဲ့သည် ။ ရွှေမန်းမယ်အငယ်တန်းတွင် ပထမ နန်းလောင်းခမ်း၊ ဒုတိယဆုမြင့်ဝင်း၊ တတိယ ၀င်းဝင်းဌေး၊ အကြီးတန်းတွင် ပထမခိုင်ဝေလွင်(ဗထူးကလပ်) ဒုတိယချယ်ရီမောင်(Flora)
တတိယနေခြည်တင့်ဝေ(ဗထူးကလပ်)တို့က ရရှိသည်။ ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး ကာယဗလနှင့်ကာယအလှဆပ်ကော်မတီဥက္ကဌ ဦးဟန်မြိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။
No comments:
Post a Comment