Monday, June 30, 2014

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ ကျန်းမာရေးအသိပညာပေး ဟောပြော



  ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆေးတက္ကသိုလ်(မန္တလေး)မှ နောက်ဆုံးနှစ်အပိုင်း(က)မှ ကျောင်းသားကျောင်းသူ(၉၆)ဦးတို့သည် ကာကွယ်ရေး နှင့် လူမှုရေးဆေးပညာဌာန စီစဉ်မှုဖြင့် ဇွန်(၂၇)ရက် နံနက်(၉)နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးပညာပေး ဟောပြောပွဲကို ကျင်းပသည်။
        ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများက အမှတ်(၃၁)မှ ကျောင်းသားကျောင်းသူ ကလေးများအား တစ်ကိုယ်ရေသန့်ရှင်းရေး နှင့်  မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ပညာပေးဟောပြောပေးခဲ့သည်။

No comments:

Post a Comment