Monday, June 30, 2014

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သတင်းထုတ်ပြန်ရေး ၀က်ဘ်ဆိုက် ထုတ်လွှင့်မည်



    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများ ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ရေးဝက်ဘ်ဆိုက်အား ဇူလိုင်လဆန်းတွင် ထုတ် လွှင့်ပေးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ၀က်ဘ်ဆိုက်တွင် တိုင်းဒေသကြီးဝန်ကြီးဌာန သတင်းများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော သတင်းအချက်အလက် များ၊ သတင်းထုတ်ပြန်ချက်များ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအသိပေးချက်များ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအချက် များ ပါဝင်မည်ဖြစ်သည်။
        မန္တလေးတိုင်းဒေသကြီးသတင်းဝက်ဘ်ဆိုက်အား ဇွန်၁၈ရက်မှစတင်ကာ စမ်းသပ်လွှင့်တင်ထားကြောင်း လက်ရှိအချိန်တွင် သတင်းများမှာ Up to Date မဖြစ်သေးကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးဌာနများမှ သတင်းအချက်အလက်များ ပေးပို့မှု အားနည်းနေသေးကြောင်း၊ လွှင့်တင်လိုသည့် သတင်းများအား Zawgyi Fornt ဖြင့် ရိုက်ပြီး စီဒီခွေ ဖြင့်ကူးကာ အစိုးရအဖွဲ့ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သတင်းဝက်ဘ်ဆိုက် လိပ်စာမှာ www.mdyregion.gov.mm ဖြစ်သည်။

No comments:

Post a Comment