မြန်မာ့ ကြံ နှင့် သကြား
ဈေးကွက် မြှင့်တင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်အသင်းမှာ
မြန်မာ့ ကြံ နှင့် သကြား ဥပဒေတစ်ရပ်ပေါ်ထွက်နိုင်ရေး ပထမဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရန်ကုန်-မန္တလေးလမ်း၊ ၄၂လမ်း နှင့် သိပံ္မလမ်းကြားရှိ
ဂရိတ်ဝေါလ် ဟိုတယ် အစည်းအဝေခန်းမတွင် ဇွန်(၂၀)ရက် နံနက်(၉)နာရီခွဲက ညနေ(၅)နာရီထိ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကြံ နှင့် သကြားဥပဒေ၏ Frame Work တစ်ခု ပေါ်ထွက်လာရေးအတွက်
ကြိုတင်ပြင်ဆင်နိုင်ရန် အခန်းကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ မြန်မာ့ ကြံ နှင့် သကြား အက်ဥပဒေတစ်ရပ်တွင်
ထည့်သွင်းဖော်ပြသင့်သည့်အချက်များ၊ မြန်မာ့ ကြံ နှင့် သကြားဈေးကွက် မြှင့်တင်နိုင်ရေး
ဆောင်ရွက်သင့်သည့်အချက်များ၊ လိုအပ်ချက်များ၊ ၂၀၀၂ခုနှစ် မူကြမ်း၊ ထိုင်း Sugar
Act အကြောင်း နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
နေရာဒေသ အကွာအဝေးအလိုက် ဈေးနှုန်း အနိမ့်အမြင့်
ကွာခြားချက်များကို မျှခြေ ဈေးနှုန်း သတ်မှတ်ရောင်းဝယ်နိုင်ရန်၊ မြန်မာ့ ကြံ နှင့်
သကြား ဈေးကွက် တိုးတက်နိုင်စေရေး စက်ရုံ လုပ်ငန်းရှင်များ နှင့် တောင်သူ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊
အနာဂတ် ကြံဈေးကွက် ဆက်လက်ရပ်တည်နိုင်ရန် ဆောင်ရွက်နေလျက်ရှိသည်။
No comments:
Post a Comment