မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် (၂၆)လမ်း နှင့်
(၂၇)လမ်းကြားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
နှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္မဏီများ အကျိုးတူပူးပေါင်းကာ စိတ္တရမဟီအဆင့်မြင့်အိမ်ရာစီမံကိန်းကို
တည်ဆောက်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။ ဆောက်လုပ်ရေးကုမ္မဏီများအား စနစ်တကျရွေးချယ်ကာ
(၉)ထပ်အဆောက်အအုံအပါအ၀င် ဈေးဝယ်စင်တာ၊ယာဉ်ရပ်နားရာ နေရာ၊ ကလေးကားကွင်းများဖြင့် ပုံစံထုတ်တည်ဆောက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်သည် ဇွန်ဒုတိယအပတ်က
စိတ္တရမဟီအိမ်ရာစီမံကိန်းသို့ရောက်ရှိစစ်ဆေးပြီး လုပ်ငန်းများကို စနစ်တကျဖြင့် သတ် မှတ်ကာလအတွင်း
စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် နှင့် လုပ်ငန်းအဆင့်တိုင်း စစ်ဆေးဆောင်ရွက်ရန်
နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များအနေဖြင့် သတ်မှတ် သော စံချိန်စံညွှန်းပြည့်မှီရေး
စစ်ဆေးဆောင်ရွက်ရန် ပြောခဲ့သည်။
မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနက စိတ္တရမဟီအိမ်ရာစီမံကိန်းသည် ရှေ့ပြေးစီမံကိန်းဖြစ်ပြီး
မန္တလေးမြို့တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ ဆက်လက်အကောင်အထည် တည်ဆောက်သွားရန်
ရှိသေးကြောင်း သိရသည်။
No comments:
Post a Comment