မန္တလေးမြို့ရှိ လမ်းဆုံမီးပွိုင့်များ၌ ကျောင်းဆင်းချိန်အပြီး
ပန်းရောင်းချလျက်ရှိသည့် ကလေးငယ်များအပြင် မိသားစုစားဝတ်နေရေးအရ အလုပ်လုပ်နေရသည့် ကလေးငယ်များ
ပညာဆက်လက်သင်ကြားလိုသူများအား ပန်းပျိုးသူများ အခမဲ့စာသင်ဝိုင်းတွင် ပညာသင်ကြားနိုင်ရန်
စာသင်ကြားပေးသူ နှင့် ပန်းကူညီရောင်းပေးသူများ ကူညီပေးလျက်ရှိသည်။
အခမဲ့
စာသင်ဝိုင်းကို မန္တလေးမြို့ လမ်းဆုံ မီးပွိုင့်များ၌ ပန်းရောင်းချလျက်ရှိသည့် ကလေးငယ်များအတွက်
ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ မိသားစု စားဝတ်နေရေးအရ ကျောင်းဆင်းချိန်အပြီးတွင် ပန်းရောင်းချနေရပြီး
စာကျက်ချိန်မရသည့် ကလေးငယ်များအပြင် လက်ဖက်ရည်ဆိုင်များတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေကြသော
ကလေးငယ်များ၏ ပညာရေးကဏ္ဍအတွက် ပန်းပျိုးသူများ စာသင်ဝိုင်းမှ ကာယကံရှင်ကလေးငယ်များ၏ မိဘ၊
အုပ်ထိန်းသူများ နှင့် ပန်းပျိုးသူများ အခမဲ့စာသင်ဝိုင်းသို့ သွားရောက်ညှိနှိုင်းမှုများ
ပြုလုပ်ပြီး ပညာသင်ကြားပေးနိုင်မည်ဖြစ်သည်။
‘‘
ကလေးငယ်တွေ အေးအေးဆေးဆေး စာသင်ကြားပေးနိုင်ဖို့ နေ့စဉ် ညနေ(၆)နာရီမှစတင်၍ ကလေးငယ်တွေရဲ့
ပန်းများကို ကူညီရောင်းချပေးမှာဖြစ်ပါတယ်၊ ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ စာသင်ကြားပေးလိုသူတွေ
နှင့် ပန်းကူညီရောင်းပေးလိုသူတွေအနေဖြင့် ပူးပေါင်းကူညီနိုင်ပါတယ် ’’ ဟု ပန်းပျိုးသူများ
အခမဲ့ စာသင်ဝိုင်းမှ ပန်းကူညီရောင်းချပေးသူတစ်ဦးက ပြောခဲ့သည်။
ပန်းပျိုးသူများ အခမဲ့ စာသင်ဝိုင်းကို ၆၆လမ်း၊ ၂၆x၂၇လမ်းကြားရှိ
ရွှေပြည်မိုးကဖေး မျက်နှာစာနေရာတွင် ညနေ(၇)နာရီ မှ (၉)နာရီထိ သင်ကြားပေးလျက်ရှိသည်။
စာသင်ကြားပေးလိုသူ နှင့် ပန်းကူညီရောင်းပေးလိုသူများ အဖက်ဖက်မှ ပူးပေါင်းကူညီလိုသူများအနေဖြင့်
ပန်းပျိုးသူများ စာသင်ဝိုင်း တည်နေရာ နှင့် ဖုန်း- ၀၉-၄၀၂၇၇၃၂၈၂(ကိုဝမ်း)၊ ၀၉-၄၃၁၀၂၂၂၄(ကိုလွင်)၊
၀၉-၄၀၁၅၆၃၁၂၇(မနှင်းဆီ) စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
No comments:
Post a Comment