မန္တလေးမြို့ ၃၈လမ်း၊ ၈၃x၈၄လမ်းကြားရှိ ချမ်းမြေ့မေတ္တာအသင်းတွင်
ဇွန်(၂၆)ရက် နံနက်(၉)နာရီက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း မန္တလေးဖွဲ့စည်းခြင်း
နှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအကြောင်း ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ
ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး (၁၀)နိုင်ငံထဲမှာ နံပါတ်(၂)နေရာကို ရောက်နေပြီး ကင်ဆာဖြစ်စေတဲ့
အဓိက အကြောင်းအရင်းတွေက ပလပ်စတစ် နှင့် ဖော့ဗူးများ၊ အချိုမှုန့် နှင့် ကြက်သားမှုန့်များ၊
အချဉ်ရည်၊ ခြင်ဆေးခွေ၊ အချိုရည် နှင့် ဂျယ်ရီများ၊ မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများ၊ တရုတ်
နို့မှုန့် နှင့် ၎င်းနှင့်ပြုလုပ်သောမုန့်များ၊ ကော်ဖီမစ်များ၊ ရောင်စုံဆိုးဆေးများ နဲ့
အစားအသောက်များ၊ အရက်၊ လေထုညစ်ညမ်းမှု၊ အကင်များ၊ ဆေးလိပ်၊ သတိထားသင့်သော အသီးအနှံများ၊
မုန့်ဈေးတန်းများတွင် ကလေးကင်ဆာဖြစ်စေသည့် မုန့်များ၊ ပြန်ကြော်ဆီ၊ ကွမ်းယာ၊ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်၊
ရေချိုငါးပိ၊ ငါးခြောက် နှင့် ငံပြာရည် စသည့်တို့ကို ကင်ဆာမဖြစ်စေရန် သတိထားရမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် စားသုံးသူအကာအကွယ်ပေးနိုင်ရေး ဥပဒေအကြောင်း၊ အစားအသောက်၊
ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ သုံးစွဲခြင်းအကြောင်း ရှင်းလင်းပြောပြခဲ့ပြီး
ကျောင်းမုန့်ဈေးတန်းများ၊ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်သည်။
No comments:
Post a Comment