Sunday, June 29, 2014

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)တွင် ရင်သားကင်ဆာအကြောင်း ဟောပြောဆွေးနွေး တက်ရောက်လာသူများအား အခမဲ့ ရင်သားကင်ဆာ စစ်ဆေးပေး



  မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၁လမ်း၊ (၇၀)လမ်းထောင့်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) ရတနာပုံခန်းမတွင် Roche ဆေးကုမ္မဏီမှ ရင်သားကင်ဆာ သိကောင်းစရာများအကြောင်း၊ ကျန်းမာရေးပညာပေးဆွေးနွေးဟောပြောပွဲကို ဇွန်(၂၉)ရက် နံနက်(၉)နာရီက ကျင်းပခဲ့သည်။
          ကျန်းမာရေးပညာပေး ဟောပြောပွဲတွင် ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာ မေဖြူလတ်က ရင်သားကင်ဆာ စောစီးစွာ စမ်းသပ်ပါမှ စိတ်ချရ ခေါင်းစဉ်ဖြင့် ရင်သားကင်ဆာရောဂါအကြောင်း ဟောပြောဆွေးနွေးပေးခဲ့ပြီး ရင်သာကင်ဆာ ရှိ/မရှိ စမ်းသပ်နည်းကို ဗီဒီယိုဆလိုက်ဖြင့် ပညာပေးပြသခဲ့ရာ တက်ရောက်လာသူများက သိလိုသည့် မေးခွန်းများ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment