Tuesday, June 24, 2014

မန္တလေးကျောက်ပန်းချီဈေးကွက် ၀ယ်ယူမှု နည်းပါး နိုင်ငံခြားဝင်ငွေ ရရှိရေး နှင့် ဈေးကွက်မြှင့်တင်နိုင်ရေး ပြေစာထုတ်ပေးရန် လို



မြန်မာနိုင်ငံတွင် (၂၀၀၄)ခုနှစ်မှစတင် ခေတ်စားလာသည့် ကျောက်ပန်းချီဈေးကွက်သည် ၀ယ်ယူသည့် ပြေစာ ထုတ်ပေးနိုင်ခြင်းမရှိခြင်းကြောင့် ၀ယ်ယူမှု နည်းပါးလာပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
          '' ကျောက်ပန်းချီကို ပြည်တွင်းသာမက တရုတ်၊ ထိုင်း၊ ဥရောပ နဲ့ အခြားနိုင်ငံတွေကလည်း စိတ်ဝင်စားကြပါတယ်၊ အဓိကက မန္တလေးကျုံးမြို့ရိုးပုံ၊ နဂါးပုံ၊ ပုံတူပန်းချီတွေ ရောင်းရပါတယ်၊ ဆိုဒ်စုံ အမျိုးအစားစုံ ရောင်းရတယ်၊ ၀ယ်ယူရမှာ ပြေစာထုတ်ပေးနိုင်ခြင်းမရှိတဲ့အတွက် အရောင်းအ၀ယ် နည်းလာတယ်၊ အရောင်းအ၀ယ် သိပ်မကောင်းတော့ နိုင်ငံခြား ၀င်ငွေ နည်းတာပေါ့၊ ပြေစာက နိုင်ငံခြားကို ပစ္စည်းသယ်ဆောင်ခွင့် ပြေစာကို ပြောတာပါ၊ အဲပြေစာကို အရင်က သမ၀ါယမှာ လုပ်လို့ရတယ်၊ အခု ဘယ်မှာ လုပ်ရမယ်မသိဘူး၊ အချို့ နိုင်ငံခြားသားတွေက ကြိုက်လို့ ၀ယ်သွားတယ် လေယာဉ်ကွင်းရောက်မှာ သယ်ခွင့်မရှိဘူးပြောလို့ ဆိုင်ပြန်လာသွင်းသွားတဲ့ ဟာတွေများပါတယ်၊  လေယာဉ်ကွင်းက တာဝန်ရှိသူတစ်ဦးကို မေးကြည့်တော့ သူလည်း မသိဘူးပြောတယ်၊ ပြေစာ ထုတ်ပေးနိုင်ခြင်း မရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရတာ ခက်ခဲပါတယ်၊ ဈေးကွက်ရောင်းချမှု တိုးမြှင့်နိုင်ဖို့ ပြေစာထုတ်ပေးဖို့ လိုပါတယ် '' ဟု ကောင်းမြတ်ကျော် မိုးကုတ် ကျောက်ပန်းချီ အရောင်းပြခန်းမှာ ဦးခင်မောင်တင်က ပြောခဲ့သည်။
                      '' ကျောက်ပန်းချီက ယိုးဒယားနိုင်ငံက စလုပ်တာပါ၊ နောက် မြန်မာနိုင်ငံက ယိုးဒယားရောက်သွားပြီး ကျောက်ပန်းချီကို မြန်မာနိုင်ငံမှာ ပြုလုပ်လာခြင်းဖြစ်ပါတယ်၊ ထိုင်းနိုင်ငံမှာ မှန်ပေါ်မှာ ကျောက်ပန်းချီဆွဲတာပါ၊ မြန်မာနိုင်ငံမှာ ကျောက်ပန်းချီကို မှန်ဘောင်ထဲထည့် လုပ်တာဖြစ်ပါတယ်၊ (၂၀၀၀)ခုနှစ်လောက်က စလုပ်ခဲ့တာပါ၊ ကျောက်ပန်းချီမှာ စနစ်(၃)မျိုးရှိပါတယ်၊ (၁)အမှုန်ဖြူး (၂)ကျောက်ရိုက်ချ/ထောက်ချ (၃)တစ်ပွင့်ချင်း လိုက်ကပ်ခြင်း စသည့် စနစ်တွေနဲ့ ပြုလုပ်တယ်၊ ပြုလုပ်ပုံပေါ် မူတည်၍ ကျောက်ပန်းချီ သက်တမ်းကြာရှည်မှု ကွာခြားပါတယ်၊ ရှုခင်းပုံ တစ်လက်မကို (၂၀၀/၂၅၀)ကျပ်၊ ပုံတူပန်းချီ တစ်လက်မကို (၅၀၀/၆၀၀)ကျပ်၊ ပုံတူပန်းချီ နှစ်ယောက်တွဲပုံ တစ်လက်မကို (၈၀၀)ကျပ် ထိရှိပါတယ်၊ ပုံပေါ်မူတည်၍ အချိန်ကြာမြင့်မယ်ဖြစ်ပြီး လူပုံတူကို အနည်းဆုံး(၅)ရက်၊ ရှုခင်းပုံ (၁)ရက်လောက် လုပ်ရပါတယ် '' ဟု ကျောက်ပန်းချီဖြစ်ပေါ်လာပုံ၊ အမျိုးအစားကွဲပြားမှု နှင့် ဈေးနှုန်းများကို ကျောက်ပန်းချီပညာရှင်တစ်ဦးက ပြောခဲ့သည်။

No comments:

Post a Comment