မန္တလေးမြို့ရှိ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး
နှင့် သစ်တောရေးရာဝန်ကြီးဌာန သဘာဝတောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းရေးဌာနခွဲ လက်အောက်မှ
ထူးကုမ္မဏီက နှစ်ရှည်ဌားရမ်းစာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ ပြီးနောက် တိရိစ္ဆာန်သစ်များ၊
ပြည်ပနိုင်ငံများမှ ၀ယ်ယူဖြည့်တင်းခြင်း၊ ရန်ကုန်တိရိ စ္ဆာန်ဥယျာဉ်၊ နေပြည်တော်ဆာဖာရီတိရိစ္ဆာန်ဥယျာဉ်တို့
နှင့် တိရိစ္ဆာန်လဲလှယ်ခြင်း များဆောင်ရွက်ခဲ့သည်။
ရတနာပုံတိရိစ္ဆာန်ဥယျာဉ်တွင် ရှားပါးသစ်ကုလားအုပ်၊ ကျား၊ ခြင်္သေ့၊
ကျားသစ်၊ ဆင်၊ ရေမြင်း၊ မြင်းကျား၊ အာဖရိကလူဝံ
အပါအ၀င် နို့တိုက်သတ္တ၀ါများ၊ တွားသွား သတ္တ၀ါများ၊ ဌက်မျိုးစုံ၊ ကုန်နေရေနေသတ္တ၀ါမျိုးစိတ်
(၁၀၀၀)ကျော် ပြသထားသည်။ စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်များ၊ လပြည့် လကွယ်ရက်များတွင်
မြွေ အလိမ္မာပြကွက်များ၊ ဆင်လိမ္မာပြကွက်များ ပြသပေးရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။
အထူးအစီအစဉ်ဖြင့် ရတနာပုံတိရိစ္ဆာန်ဥယျာဉ်အတွင်းသို့ ညနေ (၅)နာရီမှ
(၆)နာရီခွဲအထိ ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် ကြည့်ရှုနိုင်ရာ လူကြီးတစ်ဦး
(၁၀၀၀)ကျပ်၊ ကလေး ၅၀၀ကျပ်၊ မော်တော်ယာဉ်တစ်စီးလျှင် ကျပ်(၃၀၀၀)၊ ဆိုင်ကယ်တစ်စီးလျှင်
(၁၀၀၀)ကျပ် ၀င်ကြေးပေးဆောင်ရမည်။
No comments:
Post a Comment