ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
မန္တလေးတိုင်းဒေသကြီးရုံးရှိ ခရိုင်ရုံး (တောင်ပိုင်းခရိုင်) နှင့် (မြောက်ပိုင်းခရိုင်ရုံး)များတွင်
အခြားဒေသလိပ်စာဖြင့် မှတ်ပုံ တင်ထားသော မော်တော်ယာဉ်များအား ယခင်က ခရီးလွန်ယာဉ်စစ်ဆေးခြင်း
ဆောင် ရွက်ပေးလျက်ရှိရာ ယခုအခါ မန္တလေးမြို့တွင် မော်တော်ယာဉ်များပြားလာခြင်း၊ အခြား
ဒေသလိပ်စာဖြင့် မှတ်ပုံတင်ထားသည့်ယာဉ်များ ၀င်ရောက်မှုများပြားလာခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းစေရေး၊ နေရပ်လိပ်စာမှန်ကန်စေရေးတို့အတွက်
ဌာနဆိုင်ရာယာဉ်များမှအပ ကျန်ပုဂ္ဂလိကယာဉ်များအား မန္တလေးတိုင်းဒေသကြီးခရိုင်ရုံး (တောင်ပိုင်း/မြောက်ပိုင်း)
ရုံးများတွင် ၂၀၁၄ခုနှစ်ဇူလိုင်(၁)ရက်မှစတင်၍ အခြားဒေသ မှတ်ပုံတင်ထားသော ယာဉ်များအား
ခရီးလွန်စစ်ဆေးခြင်းအားဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက
အသိပေးထား သည်။
ရန်ကုန်မြို့ နှင့် မန္တလေးမြို့မှလွဲ၍ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်၊
ခရိုင်ရုံးများတွင် ခရီးလွန်စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်သည်။
No comments:
Post a Comment