Monday, June 30, 2014

ငါးမန်း လောင်းကစားဂိမ်းစက်များ တရားမ၀င်တင်သွင်း ပို့ကုန်/သွင်းကုန်ပုဒ်မ(၈)ဖြင့် ထပ်မံ အရေးယူ



          မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်(ဗ၃/၅)ရှိ ကျော်ထွန်း (၂၄)နှစ်ထွန်းတုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ၏ ငါးမန်းဂိမ်းဆိုင်အား မေ(၃၀)ရက်က တိုင်းရဲအကူတပ်ဖွဲ့ခွဲ(မှု/ကူ)မှ ဒုရဲအုပ်စိုးစိုးနှင့်အဖွဲ့ အောင်ပင်လယ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇေယျာဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ၀င်ရောက်ရှာဖွေရာ ငါးမန်းလောင်းကစား ဂိမ်းထောင်ပြီး ဒိုင်အဖြစ် ပြုလုပ်သူ ကျော်ထွန်း၊ စာရေးမမိုးမြတ်သူဇာ၊ ငါးမန်းဂိမ်း လာရောက်ကစားသူ ကျော်စိုးမိုးပါ (၉)ဦးတို့အား ငါးမန်းလောင်းကစားစက်(၃)လုံး၊ လောင်းကြေးငွေ (၁၃၆၅၅၀၀)ကျပ်၊ လောင်းကစားသူများ စီးလာသည့် ဆိုင်ကယ် (၈)စီးနှင့်အတူ ဖမ်းမိသဖြင့် ကျော်ထွန်းပါ (၁၁)ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၂၄၅/၂၀၁၄ လောင်းကစားပုဒ်မ၁၃(က)၊ ၁၄(က)အရ အမှုဖွင့်အရေးယူထားသည်။
        အမှုမှ သိမ်းဆည်းရမိသော ငါးမန်းလောင်းကစားစက်များသည် တရုတ်နိုင်ငံမှ တရားမ၀င်အကောက်ခွန်မဲ့ တင်သွင်းလာကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်ထွန်းအား ဇွန်(၂၄)ရက်တွင် အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၂၈၀/၂၀၁၄ပို့ကုန်/သွင်းကုန် ပုဒ်မ (၈)အရ ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment