မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်း၊ ၃၄လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ(စတုတ္ထထပ်)ရှိ
မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ဇွန်(၂၇)ရက်
နံနက်(၈)နာရီခွဲ မှ ညနေ(၆)နာရီထိ ငွေကြေးဆိုင်ရာ အသိပညာပေးသင်တန်းကို ကျင်းပမည်။
ငွေကြေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် မိမိ၏ ငွေကြေးလစာကို စနစ်တကျ
ထိန်းသိမ်းစုဆောင်းသုံးစွဲတတ်စေရန် အခြား ငွေကြေး နှင့် ပတ်သက်သော ဘဏ်ဝန်ဆောင်မှုများအကြောင်း
နှင့် အကြွေးဝယ်ယူခွင့် ကဒ်များအကြောင်း စသည့်တို့ကို မြန်မာဘာသာဖြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
သင်တန်းကို အသင်းဝင်လုပ်ငန်းရှင်များ နှင့် ကုမ္မဏီအသင်းအဖွဲ့များမှ ၀န်ထမ်းများ၊ စိတ်ဝင်စားသူ
မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။
ငွေကြေးဆိုင်ရာ အသိပညာပေးသင်တန်း(Money Minded Financial
Literacy Training Programe)သင်တန်းကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
နှင့် Australia and New Zealand Banking Group Limited, ANZ Band Myanmar တို့ ပူးပေါင်း၍
ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment