Wednesday, June 25, 2014

မန္တလေးရွှေဈေး ၀ယ်လိုအားများပြီး အ၀င်နည်း၍ ရွှေဈေးမြှင့်တက်



မန္တလေးရွှေဈေးကွက်တွင် ဆက်တိုက်ဈေးများကျဆင်းနေရာမှ ဇွန်လတတိယ  အပတ်မှစတင်၍ ရွှေလုပ်ကွက်များတွင် မိုးများရွှာသွန်းသဖြင့် အထွက်နည်းခြင်း၊ နယ်ဝယ်လိုအားများလာခြင်း၊ ကမ္ဘာ့ရွှေဈေး တစ်ထရိုင်အောင်စ (၁၃၁၄)ဒေါ်လာသို့ ရောက်ရှိလာသဖြင့် ရွှေဈေးများမြှင့်တက်နေသည်။
ဇွန်၂၁ရက်မွန်းလွဲ၁နာရီဈေးကွက်တွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား (၆၇၂၅၀၀)ကျပ်ဈေးရှိပြီး (၁၅)ပဲ ရွှေရည်မှီ တစ်ကျပ်သား (၆၄၃၅၀၀) ကျပ် ဈေးသို့ ရောက်ရှိနေသည်။ ဇွန်လပထမပတ်က အခေါက်ရွှေ တစ်ကျပ်သား (၆၄၇၅၀၀) ကျပ် နှင့် (၁၅)ပဲရွှေရည်မှီ တစ်ကျပ်သား (၆၁၅၀၀၀)ကျပ် ခန့်သာရှိသည်။
        ကမ္ဘာ့ရွှေဈေး နှင့် ပြည်တွင်းရွှေဈေးမှာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသော် လည်း ရွှေထွက်ရာဒေသ သပိတ်ကျင်းဘက် မိုးများနေသဖြင့် ရွှေအ၀င်နည်းကာ ဈေးတက်လေ့ရှိပြီး ရွှေဆိုင်များတွင် အရောင်းများပြီး ရွှေဝယ်ယူစုဆောင်းသူများက ရွှေဈေးမငြိမ်သေးသဖြင့် ဈေးကွက်အခြေအနေစောင့်ကြည့်နေကြကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဝင်တစ်ဦးကပြောခဲ့သည်။

No comments:

Post a Comment