မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ်ရိုးရွာနေ ကိုမျိုးသင်း(၃၀)နှစ်သည်
ဇွန်(၂၄)ရက် မွန်းတည့်(၁၂)နာရီက သာစည်မြို့နွားပွဲဈေး၌ ၎င်းပိုင်နွားထီး၁ကောင်အား ရောင်းချခဲ့ရာ
အသက်(၅၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ကျပ်(၅)သိန်းဖြင့် ၀ယ်ယူခဲ့ပြီး (၅၀၀၀)ကျပ်တန်
(၁၀၀)ရွက်ပေးခဲ့သည်။
နွားပွဲဈေးတာဝန်ခံအား
ပွဲခကျပ်(၅၀၀၀)တန် (၁)ရွက်ပေး ခဲ့သည်။ ဇွန်(၂၅)ရက် ညနေ(၄)နာရီတွင် ကိုမျိုးသင်းသည်
တစ်ရွာတည်းနေ ဦးလေးဖြစ်သူ ဦးညွန့်လှ(၅၀)နှစ် တောင်သူအား အဆိုပါ ငွေများအနက် ကျပ်နှစ်သိန်း
(ကျပ်၅၀၀၀တန် ၄၀ရွက်)ပေးခဲ့ရာ ဦးညွန့်လှမှ နွားဖိုးငွေအဖြစ် ကိုနိုင်ဝင်း(၃၅)နှစ်
တောင်သူအား ဆက်လက်ပေးရာ ကိုနိုင်ဝင်းမှ ကျပ်(၅၀၀၀)တန် ငွေစက္ကူများမှာ အရောင်များကွဲနေ၍
အတုများဖြစ်နိုင်ကြောင်းပြောသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး မှတစ်ဆင့် နွားရောင်းရငွေကျပ်(၅၀၀၀)တန်
(၉၉)ရွက်အား ၀မ်းတွင်းမြို့မရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။
ဝမ်းတွင်းမြို့မရဲစခန်းမှတစ်ဆင့် အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲ(မန္တလေး)သို့
ဆက် သွယ်အကြောင်းကြားသဖြင့် ဒုရဲမှူးမောင်မောင်အောင်နှင့်အဖွဲ့ ရောက်ရှိလာပြီး စစ်ဆေးရာ
ငွေစက္ကူ(၉၉)ရွက်အနက် (၄)ရွက်မှာ အစစ်ဖြစ်ပြီး (၉၅)ရွက်မှာ ဆေးသားအရောင်မှေးမှိန်၍ စက္ကူအရောင်မှာ
အနည်းငယ်ဝါပြီး အနည်းငယ်ထူကြောင်းတွေ့ရှိရသည်။ ငွေစက္ကူအတုဟု ယူဆရသော ငွေစက္ကူများ၏ နံပါတ်များမှာ
တူညီမှုမရှိကြောင်း၊ ငွေစက္ကူအစစ်ကဲ့သို့ လှိုဝှက်ချက်များမပါရှိကြောင်း သိရသည်။
No comments:
Post a Comment