ဓားမဦးချ လုပ်ကိုင်လာသည့် တောင်သူလယ်သမားများက
ဝမ်းတွင်း မှ မြစ်သား သို့ လာရောက် တောရိုင်း ခုတ်ထွင် ရှင်းလင်း လုပ်ကိုင်လာခဲ့၍ ပန်လည်လုပ်စားပိုင်ခွင့်ပြုရေး။ တောင်သူ ရွေ့ပြောင်းလုပ်ကိုင်နေမှုအပေါ် အမျိုးမျိုး နှိပ်စက်မှု ခံလာရပြီး လုပ်အားပေးလုပ် သီးစား လုပ်ပြီး တောင်သူဘဝရပ်တည်ထားမှု။ အတိုးမပေးနိုင် နှိပ်စက်ထားမှု။ အကြွေးမပေးနိုင်လို့ တိရစ္ဆာန်တွေလို့ မောင်းထုတ်လို့ ထွက်ပြေးခဲ့ကြရကြောင်း မိုင်းမောကျေးရွာမှ တောင်သူတစ်ဦးက ဘဝရပ်တည်ခဲ့ရမှုအကြောင်း ရှင်းပြခဲ့သည်။
တိုင်းမှူးက တရားဝင် စွန့်လွှတ်ထားမှု စာရွက်ကို မရရအောင် ကြိုးစား ရယူခဲ့ရပြီး မြေကို ပြန်လည် ပေးအပ်မည်အချိန် စောင့်စားလျက်ရှိပြီး ထူးခြားမှုမရှိသောကြောင့် သက်ဆိုင်ရာသို့ စာတင်ပြီး အမှန်အကန် သိမ်းဆည်းခံ တောင်သူလယ်သမားများ မြေယာပြန်လည်ရ ရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနက တောင်သူနဲ့လာတွေ့တာ ပုံစံ ၃ လျှောက်ထားချင် မရှိသော်ကြောင့် တကယ် သိမ်းဆည်းခံတောင်သူများက တွေ့ဆုံခွင့်မရ ရှိခဲ့ပဲ တောင်သူမဟုတ်သူကို ဝင်ခွင့်ပေးပြီး ပုံစံ ၃ ကို အပ်ထားခဲ့တာ တွေ့နေရပါတယ်။
ပုံစံ ၃ အဓိပ္ဗာယ်က တစ်နေ့ ယာယီ လုပ်စားခွင့်သာဖြစ်နေကြောင်း သိရပါတယ်။
တပ်သိမ်းမြေကို ပုံစံ ၁ လျှောက်ထားခွင့်မရ ရှိခဲ့ပါဘူး။ ရှေ့ကို ဘယ်လိုယုံကြည်ပြီး ရှေ့ဆက်သွားရမယ် မသိတော့ပါဘူး။ နိုင်ငံတော် သမ္မတ ပြောကြားချက်ကို မျက်ကွယ်ပြု လုပ်နေတဲ့ အောက်ခြေ ဝန်ထမ်းတွေကို ဒီအတိုင်း ကြည့်နေရတော့မှာလား။ ဘယ်သူကို အားကိုးရတော့မှာလဲ ဟု မြတ်သုခ ကျေးရွာမှ တောင်သူတစ်ဦးက ပြောခဲ့သည်။
No comments:
Post a Comment