လယ်ယာသုံးစက်ပစ္စည်းများ၊ မော်တော်ယာဉ်တာယာ နှင့် အပိုပစ္စည်းများ၊
စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး
ပစ္စည်းများ စသည့်တို့ကို ထုတ်လုပ်ရောင်းချရေး နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရှေ့ပြေးကုမ္မဏီပေါင်း(၂၀)ခန့်မှ
လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် Business Matching Fair
ကို ဇူလိုင်(၂၁)ရက် နံနက်(၁၀)နာရီ မှ ညနေ(၅)နာရီထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်
၂၆လမ်း၊ ၆၆လမ်းထောင့်ရှိ ဆီဒိုးနားဟိုတယ်တွင်
ကျင်းပမည်။
အရည်အသွေးကောင်း လယ်ယာသုံး ထရပ်/ထွန်စက် စသည့် စက်ပစ္စည်းများထုတ်လုပ်ရေး၊
မော်တော်ကား၊ ဆိုင်ကယ် တာယာ နှင့် အပိုပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး ရော်ဘာပစ္စည်းအမျိုးမျိုး၊
ဟိုက်ဒရောလစ်ဆလင်ဒါ/ပန့် စသည့်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ကြွေပြားအမျိုးမျိုး၊၊
မီးသတ်ဆေးဗူး၊ သော့ နှင့် လုံခြုံရေးပစ္စည်းများ၊ အဆင့်မြင့် ရေခဲမုန့်လုပ်ငန်း၊ အရည်အသွေးကောင်း
ဆန်လုပ်ငန်း၊ ကလေးစီး စက်ဘီး နှင့် တောင်တက်စက်ဘီးထုတ်လုပ်ရေး၊ အဆောက်အဦး/ဓာတ်အားပေးစက်ရုံဆောက်လုပ်မှု
အင်ဂျင်နီယာလုပ်ငန်း အကြံပေးဝန်ဆောင်မှု၊ ကိရိယာတန်ဆာပလာများ ထည့်နိုင်သော ဗူး/သေတ္တာ
နှင့် ဖြတ်စက်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် ပတ်သက်၍ Business
Matching Fair တွင် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များ
နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ အသင်းဝင်လုပ်ငန်းရှင်များ၊ အကျိုးတူပူးပေါင်းလုပ်ငန်းလုပ်ကိုင်လိုသူများ
တက်ရောက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်။
No comments:
Post a Comment