မန္တလေးမြို့
ချမ်းအေးသာစံမြို့နယ် ၆၇လမ်း၊ ၂၈လမ်းထောင့်ရှိ
အမှတ်(၁၆)အခြေခံပညာအထင်တန်းကျောင်းခန်းမတွင် ဇွန်(၅)ရက် နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏
လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊
တိုင်းဒေသကြီးပညာရေးဝန်ကြီးဌာန နှင့် United Pacific Co., Ltd တို့ ပူးပေါင်း၍
၂၀၁၄-၂၀၁၅ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းများမှ
အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား
နိုင်ငံသားစိစစ်ရေးကတ်ပြားများ One
Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ‘‘ လူဝင်မှုကြီးကြပ်ရေး
နှင့် မှတ်ပုံတင်ရေးဦးစီး ဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း
မိုးပွင့်စီမံချက် အဆင့်(၁) မှ အဆင့်(၅)အထိ ဆောင်ရွက်ခဲ့ရာတွင်
နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၇၆၃၀)ကဒ် နှင့် အိမ်ထောင်စုစာရင်း (၁၀၅၄၆၆)ခုကို
ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ မိုးပွင့်စီမံချက်အဆင့်(၆)ကိုလည်း ယခုနှစ်
ဇူလိုင်(၇)ရက်တွင် ဆက်လက်ဆောင်ရွက်သွားမှာပါ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)
မြို့နယ်မှ အခြေခံပညာကျောင်း(၇၀)တွင် အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊
ကျောင်းသူ (၂၈၆၇၀)ဦးကိုလည်း စေတနာရှင် အလှူရှင်များ၏ အကူအညီဖြင့်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၂၈၆၇၀)ဦးအတွက် သိန်းရှစ်ရာ့ခြောက်ဆယ်ကျော်
သက်သာသွားနိုင်မှာပါ’’ ဟု ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး
ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါမောက္ခဒေါက်တာကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာကျော်လှ၊ United Pacific Co., Ltd, Advanced Myanmar Star Co., Ltd
Director ဦးဇော်ဝင်းထွန်းတို့က (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များကို
အသီးသီးပေးအပ်ကြရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ
ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
One
Stop Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင်
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ
(၇၇၁၅)ဦးတို့ကို စိစစ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊
ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင် စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment