Friday, July 4, 2014

မန္တလေးမြို့ ဘာသာရေးပဋိပက္ခတွင် လူသေဆုံးမှု ထိရောက်ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စာနယ်ဇင်းရှင်းလင်း



        

          ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ဝင်းအောင်တို့က ပြည်တွင်းပြည်ပမှ သတင်းမီဒီယာသမားများကို ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်များတွင် လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆူပူမှုဖြစ်ပွားစေရန် ဥပဒေမဲ့ လှုံ့ဆော်ခဲ့သူ လေးဦးကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
           တည်ငြိမ်အေးချမ်းမှုရရှိစေရန် နှင့် ဖြစ်စဉ်များ ဆက်လက်မဖြစ်ပွားစေရန် ရဲတပ်ရင်းနှစ်ရင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဖြစ်စဉ်တွင် ပါဝင်သည့် ဥပဒေမဲ့ဆောင်ရွက်သူများကို ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ၊ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ၍၊ အမြန်ဆုံးပြန်လည်တည်ငြိမ်လာမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment