မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁လမ်း၊ ၂၆လမ်းထောင့်ရှိ မန္တလေးမြို့
ပဋိပက္ခဖြစ်ပွားမှု တားဆီးကာကွယ်ရေးအဖွဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား
ဇူလိုင်(၈)ရက် ညနေ(၃)နာရီက မျိုးချစ်ပြည်ချစ်အဖွဲ့က မုန့်၊ အအေး နှင့် ရေသန့်ဘူးများ
လှူဒါန်းခဲ့သည်။
‘‘ မန္တလေးမြို့ ပြည်သူလူထုများ ကိုယ်အိမ်မှ လုံခြုံစွာနေထိုင်နိုင်ရေး
လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်တွေကို တစ်စပ်တစ်ဒေသ လာလှူဒါန်းတာပါ၊
ရဲတပ်ဖွဲ့ဝင်တွေက မန္တလေးမြို့ တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေတာကို ကိုယ်စိတ်ပေးဆပ်ပြီး
ဆောင်ရွက်ပေးနေလို့ အနေအစား ကြပ်တည်းမှုရှိနေတဲ့အတွက် လာရောက် ကူညီပေးတာပါ၊ ကာလတန်ဖိုး
(၂)သိန်း ခန့် ရှိပါတယ်၊ အခြား လှူဒါန်းမှုတွေလဲ ဆက်လက် လုပ်ဆောင်သွားမှာပါ၊ ကျန်းမာရေး၊
ပညာရေး၊ အခြား လိုအပ်တဲ့နေရာတွင်ကို သွားရောက် လှူဒါန်းသွားဖို့ရှိပါတယ် ’’ ဟု မျိုးချစ်ပြည်ချစ်
ပရဟိတအဖွဲ့မှ အတွင်းရေးမှူး နေနီအောင်က ပြောခဲ့သည်။
No comments:
Post a Comment