မန္တလေးဂီတအစည်းအရုံးက ကြီးမှူး၍
ဒုတိယအကြီမ် မြန်မာ့ဂီတနေ့အထိမ်း အမှတ်အခမ်းအနားကို ဇွန်(၂၇)ရက် နံနက်(၉)နာရီ မှ မွန်းလွဲ(၁၂)နာရီအထိ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၄)လမ်း နှင့် (၂၇)လမ်းထောင့်ရှိ အိုရီယန်တယ်ဟောက်ခန်းမတွင်
ကျင်းပရာ မန္တလေးဂီတအစည်းရုံးဝင် ဂီတပညာရှင်များ၊ အပျော်တမ်းတေးဂီတအသင်းအဖွဲ့များ၊ အနုပညာချစ်မြတ်နိုးသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင်မန္တလေးဂီတအစည်းအရုံးဥက္ကဌဒေါက်တာလှခိုင်ကအဖွင့်အမှာစကားပြောကြားပြီးမြန်မာနိုင်ငံဂီတအစည်းရုံးဥက္ကဌထံမှပေးပို့သည့်မြန်မာ့ဂီတနေ့
သ၀ဏ်လွှာအားအကယ်ဒမီဦးသော်ဇင်မှဖတ်ကြားသည်။ထို့နောက်အမျိုးသားစာပေဆု စာရေးဆရာဆူးငှက်ကမြန်မာ့ဂီတနေ့အကြောင်းပြောကြားသည်။
မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတေးဂီတအဖွဲ့သားများက ဒို့ဗမာသီချင်းဖြင့်
သီဆိုဂုဏ်ပြုပြီး တက်ရောက်လာသော တေးဂီတအဖွဲ့များကလည်း မြန်မာ့ဂီတနေ့အထိမ်းအမှတ် မြန်မာမှုတေးသီချင်းများဖြင့်
ဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးဂီတအစည်းအရုံးက ပလက်ဖောင်းပျိုးခင်းစာ
သင်ဝိုင်းသို့ ငွေကျပ်နှစ်သိန်း၊ ဘိုးဘွားရိပ်သာသို့ ငွေကျပ်တစ်သိန်းငါးသောင်း၊ ဆွံ့အနား
မကြားကျောင်းသို့ ငွေကျပ်တစ်သိန်းငါးသောင်း လှုဒါန်းခဲ့ကြောင်းသိရသည်။
No comments:
Post a Comment