Saturday, July 5, 2014

မန္တလေးပဋိပက္ခအတွင်း လူသတ်မှု ဖမ်းမိခြင်းမရှိသေး ပြစ်မှုကျူးလွန်သူ (၁၆)ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင် ၀န်ကြီးချုပ် ပြော


           လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ၁၆ဦးကို ဖမ်းဆီးထားရာ မြန်မာ (၁၁)ဦးနှင့် အစ္စလာမ်ဘာသာဝင် (၅)ဦး ဖမ်းဆီးရမိထားပြီး
မန္တလေး ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်ခဲ့သည်များကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင်လ ၅ရက်က ပြောသည်၊၊
            နေ ဆန်း ဆိုင်ရှင်နှစ်ဦးအား ဇူလိုင်လ ၁ရက် ညနေက ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်ခိုင်းရာက အစပြုပြီး ထိုနေ့ညက စတင်ကာ မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃ရက်အထိ လူနှစ်ဦး သေဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

“ ပြစ်မှုကျူးလွန်သူ လက်ရှိနှစ်ဦးရှိပါတယ်၊ တရားခံဖြစ်တဲ့အတွက် တိုင်ချက်ဖွင့်တဲ့ အနေအထားအရ တောက်လျှောက်သူတို့ရဲ့သတင်းတွေကို ရယူနေပါတယ်၊ ဖြစ်တာကတော့ ပျဉ်းမနားမှာဖြစ်တာ၊ ဒါပေမယ့် သူတို့က ဒီမှာနေထိုင်ကြတဲ့အတွက် ဖြစ်ပါတယ်၊ လောလောဆယ်တော့ ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး၊ အကုန်လုံးချိတ်ဆက်ပြီး ဖမ်းဆီး ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ကပြောခဲ့သည်။
         လက်ရှိတွင် မန္တလေးမြို့ ဇူလိုင်လ ၁ရက်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့၍ မြို့တွင်း မြို့နယ် ခုနှစ်ခုကို ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဇူလိုင် ၅ရက်နေ့တွင်မူ အခြေအနေ တည်ငြိမ်လျက်ရှိသည်။ မန္တလေးမြို့တွင်း  လူသွားလူလာ နည်းပါးသွားခဲ့ရာ စစ်ကိုင်းမြို့မှ လာရောက်မည့် ခရီးသည်များ အခက်ကြုံနေကြရပြီးစားသောက်ကုန်ခြောက်များ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment