Saturday, July 5, 2014
ဇူလိုင်(၄)ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စများ နှင့် လုံခြုံရေးဆောင်ရွက်ထားမှုများ နှင့် ပတ်သက်၍ ၀န်ကြီးချုပ် ရှင်းလင်း
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်(၅)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၊ လက်ရှိတည်ငြိမ်အေးချမ်းမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် ရုပ်/သံမီဒီယာအဖွဲ့များအား တွေ့ဆုံခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်းအေးချမ်းအောင် လုပ်ဆောင်နေမှုများ၊ လုံခြုံရေး ချထားပေးမှုများ၊ ဂျူလိုင်(၄)ရက်နေ့က ပုသိမ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အကြောင်းအရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များမှ ဆောင်ရွက်ထားမှုများ နှင့် ပတ်သက်၍၀န်ကြီးချုပ် ဦးရဲမြင့်က ရှင်းလင်းပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment