အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှကြီးမှူး၍ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲကို ဇွန်၃၀ရက် နံနက်၁၀နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈လမ်းရှိ ဂရိတ်ဟောဟိုတယ်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ခုံသမာဓိအဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ မန္တလေးစက်မှုဇုန်မှ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်များတက်ရောက်ကြသည်။
အခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ပြည်တွင်းရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ခလစာအပါအ၀င် အလုပ်ရှင် အလုပ်သမားပြသာနာများဖြစ်ပေါ်လျက်ရှိပြီး စက်ရုံအလုပ်ရုံများ တိုးလာရာ အလုပ်ရှင် အလုပ်သမားပြသာနာများမဖြေရှင်းနိုင်ပါက ကုန်ထုတ်စွမ်းအားကျဆင်းပြီး ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုများဆုံးရှုံးနိုင်၍ အလုပ်ရှင် အလုပ်သမားများ အလုပ်သမားဥပဒေကိုသိရှိ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တောနှင့်သတ္တုဝန်ကြီး
ဦးသန်းစိုးမြင့်က အလုပ်ရှင်နှင့်အလုပ်သမားများအကြား မိသားစုစိတ်ဓါတ်ဖြင့် ဆက်ဆံ ဆောင်ရွက် လုပ်ကိုင်ကြရန်လိုပြီး စက်ရုံအလုပ်ရုံစီမံအုပ်ချုပ်သူများ ဆက်ဆံရေး
ပြေပြစ်ရန်လိုမည်ဖြစ်ရာ စီမံခန့်ခွဲရေးညံ့ပါက အလုပ်သမားများနှင့် ပြသာနာပေါ်နိုင်မည်ဖြစ်ရာ လုပ်ငန်းခွင်သာယာရေးအလေးထားဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။
အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်သမားအငြင်း
ပွားမှုဖြေရှင်းရေးဆိုင်ရာများ ရှင်းလင်းခြင်း၊ ခုံသမာဓိကောင်စီဝင်များက ဆွေးနွေးခြင်း
များဆောင်ရွက်နေကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စက်မှုဇုန်များနှင့် လုပ်ငန်းခွင်များတွင် အလုပ်ရှင်အလုပ်သမားများကြား ဖြစ်ပွားသည့် အမှုပေါင်း(၂၁၉၅)ခုထိရှိပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များက (၁၉၄၅)မှု၊ တိုင်းဒေသကြီးညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က (၁၆၄)မှု၊ ခုံသမာဓိကောင်စီက
(၈၆)မှုဖြေရှင်းပေးခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့
(၃၂၅)ဖွဲ့၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်ခုံသမာဓိအဖွဲ့(၁၄)ဖွဲ့ ဖွဲ့စည်းကာ အလုပ်ရှင် အလုပ်သမားပြသာနာများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
No comments:
Post a Comment