မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၂လမ်း၊ ၈၆လမ်း နှင့် ၈၇လမ်းကြားရှိ
ဝင်းရတနာခန်းမတွင် ဇွန်(၃၀)ရက် နံနက်(၉)နာရီ မှ ညနေ(၅)နာရီထိ မြန်မာနိုင်ငံ စာရေးဆရာများ
သမဂ္ဂ ဒုတိယအကြိမ် စုံညီအစည်းအဝေးကို ကျင်းပခဲ့သည်။
သဘာပတိ မန္တလေးတိုင်း ဥက္ကဌ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး
မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ ဥက္ကဌ ဆရာ ထက်မြက်၊ သမဂ္ဂနာယက ဆရာ အံ့မောင်၊ ကဗျာဆရာများ
သမဂ္ဂ နာယက ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ ဒုဥက္ကဌ ဆရာ ညီစေမင်း၊
သမဂ္ဂအတွင်းရေးမှူး ဆရာ ညီပုလေး၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ နိုင်ငံတကာရေးရာကော်မတီ
တာဝန်ခံ ဆရာမ ရွှေကူမေနှင်း နှင့် မန္တလေးက စာရေးဆရာများက အမှာစကား ပြောကြားပေးခဲ့သည်။
စုံညီအစည်းအဝေးတွင် သမဂ္ဂကျန်းမာရေး နှင့် လူမှုအထောက်အကူပြုခြင်း၊
ကဗျာဆရာများက ကဗျာရွတ်ဆိုခြင်း၊ မန္တလေး စာရေးဆရာ သမဂ္ဂ၏ အစီအရင်ခံစာ နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည်
လုပ်ငန်းစဉ်များကို ပြောခဲ့သည်။
No comments:
Post a Comment