၂၀၁၄ခှုနှစ် ဇူလိုင်(၃)ရက်က အများပြည်သူအသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက်လည်းကောင်း၊
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု၍လည်းကောင်း၊
မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ
မြို့နယ်(၆)မြို့နယ်ဖြစ်သော အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊
မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့်
အမရပူရမြို့နယ်များတွင် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး လိုက်နာရန်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကျင့်သုံး၍ တားမြစ်အမိန့်ကို
မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး
ဦးဝင်းဇော်နိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ဆက်လက်၍ ၂၀၁၄ခုနှစ် ဂျူလိုင်(၄)ရက်နေ့တွင် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကျင့်သုံး၍
တားမြစ်အမိန့်ကို ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ညမထွက်ရ ပုဒ်မ(၁၄၄)ထုတ်ပြန်ပြီး နေ့ရက်မှစ၍ ည(၉)နာရီ မှ နံနက်(၅)နာရီထိ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အာဏာသက်ရောက်မည်ဟု သိရသည်။
No comments:
Post a Comment