မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၀လမ်း၊ ၇၁လမ်းထောင့်ရှိ ဗထူး
အားကစားခန်းမတွင် ဇွန်(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ၂၀၁၄ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
ဝန်ကြီးချုပ်ဖလား အဆင့်မြင့် တံခွန်စိုက် မိုးရာသီ(၁၀)ပေါက်တန်း ခြင်းလုံးခတ်ပြိုင်ပွဲ
နှင့် ၀ိုင်းဖွဲ့စွမ်းရည် အလှခတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ခြင်းလုံးခတ်ပြိုင်ပွဲတွင် (၁၀)ပေါက်တန်း နှင့် စွမ်းရည်ပြအလှခတ်
စသည့် ပြိုင်ပွဲအမျိုးအစားနှစ်မျိုးကို တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၀)ခုမှာ အမျိုးသားအဖွဲ့
နှင့် အမျိုးသမီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့မှအဖွဲ့များ
ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အဆင့်မြင့်တံခွန်စိုက်
မိုးရာသီ ခြင်းလုံးခတ်ပြိုင်ပွဲကို ဇွန်(၃၀)ရက် မှ (၃)ရက်နေ့ထိ နေ့စဉ် နံနက်(၈)နာရီ
မှ ည(၉)နာရီ ကျင်းပသွားမည်ဖြစ်သည်။
No comments:
Post a Comment