ပြင်ဆင်လိုက်သည့် စက်သုံးဆီအရောင်းဆိုင်လျှောက်ထားမှုပုံစံသစ်သည်
လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကုမ္မဏီအမည်၊ တည်နေရာ နှင့် အကျယ်အ၀န်း၊
သိုလှောင်ဖြန့်ဖြူးမည့်စက်သုံးဆီအမျိုးအစား၊ ၀င်ဆံ့နိုင်သည့် ဆီဂါလံပမာဏ၊ အရောင်းဆိုင်၊
သိုလှောင်စခန်းဒီဇိုင်းပုံစံ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ခံချက်၊
သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ထောက်ခံချက် နှင့် ဆိုင်ဖွင့်လှစ်မည်နေရာ အနီးဝန်းကျင် ထောက်ခံချက်
တို့ပါဝင်ရမည်ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၀ခုနှစ် ဇွန်လမှစတင်၍ စက်သုံးဆီရောင်းဝယ်ခြင်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာ စက်သုံးဆီအရောင်းဆိုင်သစ်
ဖွင့်လှစ်ခွင့် လျှောက်ထားသူ(၁၃၀၀)ကျော်အနက် ၂၀၁၄ခုနှစ် ဇွန်(၂၅)ရက်အထိ စက်သုံးဆီအရောင်းဆိုင်(၈၂၀)ကျော်
လိုင်စင်ချထားပေးခဲ့သည်။
` မန္တလေးတိုင်းဒေသကြီးတွင်လည်း ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်(၁၄၀)
ခန့်ဖွင့်လှစ်ထားပြီး ဆိုင်သစ်များလည်း ထပ်မံဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိသည်။ မန္တလေးမြို့ရှိ
စွမ်းအင်ဝန်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင်မှလည်း ပြင်ပပုဂ္ဂလိကဆိုင်များထက် ဈေးနှုန်းချိုသာစွာ
နံနက်၆နာရီ မှ ညနေ၆နာရီအထိ စက်သုံးဆီများ လွတ်လပ်စွာ လိုသလောက်ရောင်းချပေးလျက်ရှိကြောင်း
သိရသည်။
No comments:
Post a Comment