Friday, July 4, 2014

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပ


 
        မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများ နေ့(၂၀၁၄)အခမ်းအနားကို ဇူလိုင(်၃)ရက် နံနက်(၈)နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။ 
         အခမ်းအနားတွင် တိုင်းဒေသကြီးအမျိုးသမီးေ၇းရာအဖွဲက ဥက္ကဌ ဒေါ်ဌေးဌေး အောင်က မန္တလေးတိုင်းဒေသကြီးအတွင်း ထူး ချွန်အမျိုးသမီးများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်သည်။ 

        မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုပဒေသာကပွဲကို ဇူလိုင်(၂)ရက် နံနက်(၁၀)နာရီ က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၆)လမ်း အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ပြီး အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်းသူများက အင်အားသစ်နှင့်အတူ တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် မန်းဧကရီ အငြိမ့်ဖြင့်လည်း၊ ပညာရေးကောလိပ်အဖွဲ့မှ ကဗျာလွတ်အကများဖြင့် ဖျေုာ်ဖြေခဲ့ကြသည်။

No comments:

Post a Comment