မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်
မန္တလေးမြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များ၏
မှန်ကန်သော သတင်းအရင်းအမြစ် ကို ပြည်သူများသိရှိစေရေး ပြစ်မှုကျူးလွန်သူများအား
ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
တိုင်းဒေသကြီးဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှလည်း
ရပ်ရွာအေးချမ်းတည်ငြိမ်မှုရှိစေရေး၊ မလိုလားအပ်သောဖြစ်စဉ်ကိစ္စရပ်များ
ထပ်မံမပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလို၍ တွေ့ဆုံဆွေးနွေးခြင်းကို ဂျူလိုင်(၃)ရက် နံနက်(၁၀း၃၀)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌
ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးရဲမြင့်က မန္တလေးမြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော
ကိစ္စရပ်များအပေါ်မူတည်၍ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် လုံခြုံရေးအင်အားကို
တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး သတင်းမီဒီယာများမှ တာဝန်ရှိသူများအနေဖြင့်လည်း
ဖြစ်စဉ်များ၏ သတင်းမှန်ကို ရယူအခြေခံပြီး ပြည်သူလူထုထံသို့
အသိပေးထုတ်ပြန်ကြစေလိုကြောင်း ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များက လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်များအပေါ်
တည်ငြိမ်အေးချမ်းမှုဖြစ်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို
အကြံပြုဆွေးနွေးကာ အချိန်နှင့်တစ်ပြေးညီ အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံမှ
တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ်
ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
No comments:
Post a Comment