မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏
ဦးဆောင်မှုဖြင့် မန္တလေးမြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောရှုပ်ထွေးမှု မရှိစေရေးအတွက်
ပူးပေါင်းအဖွဲ့များဖြင့် နေ့/ညစစ်ဆေးအရေးယူလျက်ရှိသည်။ ဇွန် (၂၁)ရက် မှ ဇွန်(၂၃)ရက်အထိ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်ဦးစီးအဖွဲ့၊
စည်ပင်သာယာရဲတပ်ဖွဲ့ ဒုရဲအုပ်ပြုံးချို ဦးစီးအဖွဲ့ နှင့် ယာဉ်ကြီးကြပ်မှုကော်မတီအဖွဲ့
နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ် (၁၂)လမ်း
နှင့် (၆၂)လမ်းဆုံတွင် စည်းကမ်းမဲ့ အုတ်၊ ထုံး၊ သဲ၊ ကျောက်တင်ယာဉ် (၇)စီး နှင့် မြို့တွင်းဝင်
(၃)တန်နှင့်အထက် ယာဉ်နှစ်စီးကိုလည်း စစ်ဆေးအရေးယူခဲ့သည်။
အခွန်ဌာနမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဦးစီးအဖွဲ့၊ စည်ပင်သာယာရဲ တပ်ဖွဲ့၊ ယာဉ်ကြီးကြပ်မှုကော်မတီ၊ ပို့/ဆက်အဖွဲ့
နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ယာဉ်နှစ်ထပ်ရပ်ယာဉ် နှင့်
စည်းကမ်းမဲ့ ခရီးသည်တင်ယာဉ် (၃၂)စီးကိုလည်းကောင်း၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ်ရန်နှောင်စိုးဦးဏီးအဖွဲ့၊
အခွန်ဌာနမှ ၀န်ထမ်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ် (၃၃)လမ်း၊ (၇၇)လမ်း နှင့် (၇၈)လမ်းကြားတွင်
တစ်လမ်းမောင်းပြောင်းပြန်ဝင်ယာဉ်(၂၅)စီး၊ ရဲအုပ် ထွန်းလွင်ဦး ဦးစီးအဖွဲ့ နှင့် အခွန်ဌာနမှ
ဝန်ထမ်းအဖွဲ့သည် မဟာအောင်မြေမြို့နယ် (၃၆)လမ်း၊ (၇၉)လမ်း နှင့် လမ်း(၈၀)ကြား တစ်လမ်းမောင်းပြောင်းပြန်ဝင်ယာဉ်
(၂၇) စီးအား ဖမ်းဆီးအရေးယူခဲ့သည်။ မြို့တွင်းလမ်းများ နှင့် ဈေးချိုဝန်းကျင် စည်ကမ်းမဲ့ရပ်နားယာဉ်များကိုလည်း
Tow Truck ယာဉ်ဖြင့် ဆွဲယူ၍ အရေးယူခဲ့ကြောင်းသိရသည်။
No comments:
Post a Comment