Thursday, July 17, 2014

မန္တလေးမြို့ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မျိုးချစ်ပြည်ချစ်အဖွဲ့က မုန့်၊ အအေး နှင့် ရေသန့်ဘူးများ လှူဒါန်း




          မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁လမ်း၊ ၂၆လမ်းထောင့်ရှိ မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှု တားဆီးကာကွယ်ရေးအဖွဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ဇူလိုင်(၈)ရက် ညနေ(၃)နာရီက မျိုးချစ်ပြည်ချစ်အဖွဲ့က မုန့်၊ အအေး နှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့သည်။
          ‘‘ မန္တလေးမြို့ ပြည်သူလူထုများ ကိုယ်အိမ်မှ လုံခြုံစွာနေထိုင်နိုင်ရေး လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်တွေကို တစ်စပ်တစ်ဒေသ လာလှူဒါန်းတာပါ၊ ရဲတပ်ဖွဲ့ဝင်တွေက မန္တလေးမြို့ တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေတာကို ကိုယ်စိတ်ပေးဆပ်ပြီး ဆောင်ရွက်ပေးနေလို့ အနေအစား ကြပ်တည်းမှုရှိနေတဲ့အတွက် လာရောက် ကူညီပေးတာပါ၊ ကာလတန်ဖိုး (၂)သိန်း ခန့် ရှိပါတယ်၊ အခြား လှူဒါန်းမှုတွေလဲ ဆက်လက် လုပ်ဆောင်သွားမှာပါ၊ ကျန်းမာရေး၊ ပညာရေး၊ အခြား လိုအပ်တဲ့နေရာတွင်ကို သွားရောက် လှူဒါန်းသွားဖို့ရှိပါတယ် ’’ ဟု မျိုးချစ်ပြည်ချစ် ပရဟိတအဖွဲ့မှ အတွင်းရေးမှူး နေနီအောင်က ပြောခဲ့သည်။

Cartoons (သတင်းပေးကာတွန်း)

နိုင်ငံ ပညာရေးမြင့် မှ ခေတ်မှီတိုးတက်တဲ့ နိုင်ငံတော်ဆီသို့

အောက်မေ့ဖွယ် World Cup 2014

မန္တလေး မှ အင်ဖာလ်မြို့သို့ အဝေးပြေးကားလိုင်း စတင်ပြေးဆွဲမည်

Facebook နဲ့ ကောလဟလ ပဋိပက္ခ

Wednesday, July 16, 2014

ထိုင်းနိုင်ငံရှိ ရှေ့ပြေးကုမ္မဏီလုပ်ငန်းရှင်များ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် Business Matching Fair ကျင်းပမည်



          လယ်ယာသုံးစက်ပစ္စည်းများ၊ မော်တော်ယာဉ်တာယာ နှင့် အပိုပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ စသည့်တို့ကို ထုတ်လုပ်ရောင်းချရေး နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရှေ့ပြေးကုမ္မဏီပေါင်း(၂၀)ခန့်မှ လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန် Business Matching Fair ကို ဇူလိုင်(၂၁)ရက် နံနက်(၁၀)နာရီ မှ ညနေ(၅)နာရီထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊  ၆၆လမ်းထောင့်ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည်။
          အရည်အသွေးကောင်း လယ်ယာသုံး ထရပ်/ထွန်စက် စသည့် စက်ပစ္စည်းများထုတ်လုပ်ရေး၊ မော်တော်ကား၊ ဆိုင်ကယ် တာယာ နှင့် အပိုပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး ရော်ဘာပစ္စည်းအမျိုးမျိုး၊ ဟိုက်ဒရောလစ်ဆလင်ဒါ/ပန့် စသည့်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ကြွေပြားအမျိုးမျိုး၊၊ မီးသတ်ဆေးဗူး၊ သော့ နှင့် လုံခြုံရေးပစ္စည်းများ၊ အဆင့်မြင့် ရေခဲမုန့်လုပ်ငန်း၊ အရည်အသွေးကောင်း ဆန်လုပ်ငန်း၊ ကလေးစီး စက်ဘီး နှင့် တောင်တက်စက်ဘီးထုတ်လုပ်ရေး၊ အဆောက်အဦး/ဓာတ်အားပေးစက်ရုံဆောက်လုပ်မှု အင်ဂျင်နီယာလုပ်ငန်း အကြံပေးဝန်ဆောင်မှု၊ ကိရိယာတန်ဆာပလာများ ထည့်နိုင်သော ဗူး/သေတ္တာ နှင့် ဖြတ်စက်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် ပတ်သက်၍ Business Matching Fair တွင် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ အသင်းဝင်လုပ်ငန်းရှင်များ၊ အကျိုးတူပူးပေါင်းလုပ်ငန်းလုပ်ကိုင်လိုသူများ တက်ရောက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်။

အိမ်တော်ရာဘုရားကြီးအတွင်း ဆိုင်ခန်းလခများ တိုးမြှင့်ကောက်ခံခြင်း ကျေနပ်မှုမရှိ၍ ဆိုင်ခန်းပိုင်ရှင်များက စာနယ်ဇင်း ရှင်းလင်း


        မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်၏ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းခများအား ဂေါပကအဖွဲ့က ယခင်နှစ်ထက် တိုးမြှင့် ကောက်ခံမှုအပေါ် နိဗ္မာန်ကုန်ရောင်းချနေသူများက ကျေနပ်မှုမရှိ၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်(၁၆)ရက် နေ့လည်(၂)နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်း မင်းသီဟအပေါ်ထပ်တွင် ပြုလုပ်ခဲ့သည်။
  ‘‘ အိမ်တော်ရာဘုရား စောင်းတန်းက ဆိုင်ခန်းတွေကို ယခင်က တစ်ခန်းကို တစ်သောင်းကျပ်နှုန်း ကောက်ခဲ့ရာ ယခု သုံးသောင်းကျပ်နှုန်း ကောက်တာပါ၊ ယာဉ်ရပ်နားစခန်းအနီးရှိ ဆိုင်ခန်းတွေကို ယခင်က ငါးထောင်ကျပ်နှုန်းကောက်ခဲ့ရာ ယခု တစ်သောင်းခွဲနှုန်း စသည့်ဖြင့် တိုးမြှင့်ကောက်ခဲ့သွားမည်ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားစာ ပေးပို့ခဲ့ပေမယ့် စေတီတော်၏ သြ၀ါဒစရိယဆရာတော်ကြီးများထံမှ သြ၀ါဒခံယူခဲ့ခြင်းမရှိခဲ့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်၍ သက်ဆိုင်ရာကို အသနားခံစာတင်ထားပါတယ် ’’ ဟု ဈေးဆိုင်ခန်းပိုင်ရှင် ဦးသိန်ဆွေက ဂေါပကအဖွဲ့မှ ဆိုင်ခန်းလခ တိုးမြှင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိခြင်းကို ပြောခဲ့သည်။
မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီးတွင် စောင်းတန်းလေးသွယ်၌ ဆိုင်ခန်းပေါင်း(၇၀)ကျော် ရှိသည်ရာ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းများမှ
ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုခတ်ကတည်းက ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သော
ဆိုင်ခန်းများ ပါဝင်လျက်ရှိသည်။
‘‘ (၂၀၀၈)ခုနှစ် ဇန်န၀ါရီလကစတင်၍ လစဉ်ဆိုင်ခန်းလခများအပြင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀ကျပ်နှုန်း၊ ရေချိုးခ ရေချိုးသက်သက်တစ်ဦးလျှင် ၁၀၀ကျပ်နှုန်း
ပေးဆောင်ရပါတယ်၊ ဆိုင်ခန်းရဲ့ (၁)လ ကုန်ကျစရိတ်မှာ များပြားပါတယ်၊ နောက်တိုးချဲ့ထားသည့်ဆိုင်ခန်း လေးခန်း မပါ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းတွေက
ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တဲ့ ဆိုင်ခန်းတွေပါ၊ ဂေါပကအဆက်ဆက် ရောင်းချခဲ့တဲ့ ဆိုင်ခန်းများဖြစ်ပါတယ်၊ ဆိုင်ခန်းငှားရမ်းနေထိုင်ကြသူများ မဟုတ်ကြပါဘူး၊ မြေငှားရမ်းခအဖြစ်သာ ဘုရားဘဏ္ဍာငွေအဖြစ် ပေးဆောင်ကြခြင်းဖြစ်ပါတယ် ’’ ဟု သင်္ကန်ပရိက္ခရောင်းဝယ်ရေးလုပ်ငန်းမှ ဆိုင်ရှင်တစ်ဦးက ပြောခဲ့သည်။
အိမ်တော်ရာစေတီတော်၏ စောင်းတန်းလေးသွယ်ရှိ ဈေးဆိုင်ခန်းများကို မြောက်စောင်းတန်းကို (၁၉၇၁)ခုနှစ်တွင် လည်းကောင်း၊ အရှေ့စောင်းတန်းကို (၁၉၇၅)ခုနှစ်တွင် လည်းကောင်း၊ တောင်စောင်းတန်းကို (၁၉၉၉)ခုနှစ်တွင်လည်းကောင်း၊ အနောက်စောင်းတန်း
ဒေါ်မြရီ ဇရပ်ဘေးရှိ ဆိုင်ခန်းများကို (၂၀၁၄)ခုနှစ်တွင်လည်းကောင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
‘‘ ဂေါပကအဖွဲ့က ကောက်ခံတဲ့ နှုန်းထားက မများပါဘူး၊ လမ်းဘေးဈေးသည်တွေ သူများအိမ်ရှေ့ထွက် ဈေးရောင်းရင် တစ်လကို အနည်းဆုံး သုံး၊ လေးသောင်းပေးရတယ်၊ သူတို့အနေနဲ့ ဆိုင်ခန်းသက်သက်နေတာ မဟုတ်ဘူး၊ ဘုရားဝင်းအတွင်းကို အိမ်လိုနေထိုင်နေကြတယ်၊ ဆိုင်ခန်း ထက်ခိုးတွေလုပ်ပြီး နေကြတယ်၊ လင်မယားတွေလည်း ပါတယ်၊ ဈေးဆိုင်ခန်းတွေမှ ဈေးရောင်းပြီး တခြားမှ နေထိုင်သင့်တာပါ၊ အခုတောင်းတဲ့ နှုန်းက အိမ်လခလောက်တောင် မရှိပါဘူး ’’ ဟု မဟာလောကရံသီ အိမ်တော်ရာဘုရား ဂေါပကအဖွဲ့မှ ဦးချစ်ထွန်းက ပြောခဲ့သည်။

Saturday, July 5, 2014

မန္တလေးပဋိပက္ခအတွင်း လူသတ်မှု ဖမ်းမိခြင်းမရှိသေး ပြစ်မှုကျူးလွန်သူ (၁၆)ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင် ၀န်ကြီးချုပ် ပြော


           လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ၁၆ဦးကို ဖမ်းဆီးထားရာ မြန်မာ (၁၁)ဦးနှင့် အစ္စလာမ်ဘာသာဝင် (၅)ဦး ဖမ်းဆီးရမိထားပြီး
မန္တလေး ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်ခဲ့သည်များကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ဇူလိုင်လ ၅ရက်က ပြောသည်၊၊
            နေ ဆန်း ဆိုင်ရှင်နှစ်ဦးအား ဇူလိုင်လ ၁ရက် ညနေက ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်ခိုင်းရာက အစပြုပြီး ထိုနေ့ညက စတင်ကာ မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃ရက်အထိ လူနှစ်ဦး သေဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

“ ပြစ်မှုကျူးလွန်သူ လက်ရှိနှစ်ဦးရှိပါတယ်၊ တရားခံဖြစ်တဲ့အတွက် တိုင်ချက်ဖွင့်တဲ့ အနေအထားအရ တောက်လျှောက်သူတို့ရဲ့သတင်းတွေကို ရယူနေပါတယ်၊ ဖြစ်တာကတော့ ပျဉ်းမနားမှာဖြစ်တာ၊ ဒါပေမယ့် သူတို့က ဒီမှာနေထိုင်ကြတဲ့အတွက် ဖြစ်ပါတယ်၊ လောလောဆယ်တော့ ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး၊ အကုန်လုံးချိတ်ဆက်ပြီး ဖမ်းဆီး ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ကပြောခဲ့သည်။
         လက်ရှိတွင် မန္တလေးမြို့ ဇူလိုင်လ ၁ရက်မှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့၍ မြို့တွင်း မြို့နယ် ခုနှစ်ခုကို ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဇူလိုင် ၅ရက်နေ့တွင်မူ အခြေအနေ တည်ငြိမ်လျက်ရှိသည်။ မန္တလေးမြို့တွင်း  လူသွားလူလာ နည်းပါးသွားခဲ့ရာ စစ်ကိုင်းမြို့မှ လာရောက်မည့် ခရီးသည်များ အခက်ကြုံနေကြရပြီးစားသောက်ကုန်ခြောက်များ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ (၇၇၁၅)ဦးအား (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ထုတ်ပေး





မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၇လမ်း၊ ၂၈လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာအထင်တန်းကျောင်းခန်းမတွင် ဇွန်(၅)ရက် နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးဝန်ကြီးဌာန နှင့် United Pacific Co., Ltd တို့ ပူးပေါင်း၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းများမှ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ One Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
         မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ‘‘ လူဝင်မှုကြီးကြပ်ရေး နှင့် မှတ်ပုံတင်ရေးဦးစီး ဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးပွင့်စီမံချက် အဆင့်(၁) မှ အဆင့်(၅)အထိ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၇၆၃၀)ကဒ် နှင့် အိမ်ထောင်စုစာရင်း (၁၀၅၄၆၆)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ မိုးပွင့်စီမံချက်အဆင့်(၆)ကိုလည်း ယခုနှစ် ဇူလိုင်(၇)ရက်တွင် ဆက်လက်ဆောင်ရွက်သွားမှာပါ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်မှ အခြေခံပညာကျောင်း(၇၀)တွင် အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူ (၂၈၆၇၀)ဦးကိုလည်း စေတနာရှင် အလှူရှင်များ၏ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၂၈၆၇၀)ဦးအတွက် သိန်းရှစ်ရာ့ခြောက်ဆယ်ကျော် သက်သာသွားနိုင်မှာပါ’’ ဟု ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါမောက္ခဒေါက်တာကျော်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်လှ၊ United Pacific Co., Ltd, Advanced Myanmar Star Co., Ltd Director ဦးဇော်ဝင်းထွန်းတို့က (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များကို အသီးသီးပေးအပ်ကြရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၇၁၅)ဦးတို့ကို စိစစ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင် စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်(၄)ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စများ နှင့် လုံခြုံရေးဆောင်ရွက်ထားမှုများ နှင့် ပတ်သက်၍ ၀န်ကြီးချုပ် ရှင်းလင်း


          မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်(၅)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၊ လက်ရှိတည်ငြိမ်အေးချမ်းမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် ရုပ်/သံမီဒီယာအဖွဲ့များအား တွေ့ဆုံခဲ့သည်။
          မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်းအေးချမ်းအောင် လုပ်ဆောင်နေမှုများ၊ လုံခြုံရေး ချထားပေးမှုများ၊ ဂျူလိုင်(၄)ရက်နေ့က ပုသိမ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အကြောင်းအရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များမှ ဆောင်ရွက်ထားမှုများ နှင့် ပတ်သက်၍၀န်ကြီးချုပ် ဦးရဲမြင့်က ရှင်းလင်းပြောကြားခဲ့သည်။